E-books and other resources in Burmese
Websites/Multiple Documents
| Title: | | MY THOUGHT |
| Description/subject: | | Last updated in 23 September 2011... News in Burmese and English, Over 400 of English Ebooks (Most of English ebooks links did not work) and over a thousand of Burmese Ebooks... ၂၀၁၁ ခုနှစ် စက်တင်ဘာ ၂၃ တွင် နောက်ဆုံး စာကို တင်ပါသည်... သတင်းများကို မြန်မာလို အင်္ဂလိပ် လို ဖေါ်ပြထားပါသည်... အင်္ဂလိပ် ebook ၄၀၀ ကျော်နှင့် မြန်မာ ebook ၁၀၀၀ ကျော် တင်ထားပါသည်။ |
| Language: | | English/Burmese |
| Format/size: | | html |
| Date of entry/update: | | 04 August 2012 |
|
| Title: | | myanmarisp.com နည်းပညာနှင့် မြန်မာ့ ကွန်ရက် မော်ကွန်းတိုက် |
| Description/subject: | | BIT ပေါ်ပေါက်လာပုံ အကျဉ်း.............
ကျနော်တို့ မြန်မာ့ သတင်း ဆက်သွယ်ရေး နည်းပညာ အဖွဲ့ (Burma Information Technology Team - BIT) ဟာ အိန်ဒိယနိုင်ငံမှာ ခိုလှုံနေကြတဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို မြတ်နိုးတဲ့ လူငယ် တစုနဲ့ စုဖွဲ့ထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။ ..... ကျနော်တို့ တတွဟော လူမျိုး အကွဲကွဲ အပြားပြား၊ ရည်ရွယ်ချက် အမျိုးမျိုး၊ ဖြတ်သန်းမှု အဖုံဖုံနဲ့ နေရပ် အစုံစုံတွေ ကနေ မြန်မာ့ ကွန်ပျူတာ နည်းပညာ (ICT) ဖွံ့ဖြိုး တိုးတက်ရေး၊ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီရေး ဆိုတဲ့ တူညီတဲ့ ဦးတည်ချက်တွေ အပေါ်မှာ စုစည်း မိခဲ့ကြတဲ့ လူငယ် တစုပါ။ ကျနော်တို့ဟာ ၂၀၀၂ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ Burma Project/ Southeast Asia Initiative - OSI ရဲ့ အထောက်အပံ့နဲ့ အိန္ဒိယနိုင်ငံ၊ ကာနာတကာ ပြည်နယ်၊ ဘန်ဂလိုးမြို့က MAHITI Infotech Pvt. Ltd. မှာ ကွန်ပျုတာ ICT ပညာရပ်ကို ၆ လကြာ လေ့လာ ဆည်းပူး သင့်ယူခွင့် ရခဲ့ကြတယ်။
ဒီလိုနဲ့ ကွန်ပျုတာ ICT... သင်တန်းကို အောင်အောင်မြင်မြင် ပြီးပြီးတဲ့ နောက်မှာ၊ ကျနော်တို့ တတွေဟာ Burma Project/ Southeast Asia Initiative - OSI ရဲ့ အထောက်အပံ့နဲ့ပဲ BIT ကို ဖွဲ့ခဲ့ကြပါတယ်။ ကျနော်တို့ဟာ လွတ်လပ်ပြီး တရားမျှတတဲ့၊ တိုင်းရင်းသား လူမျိုးပေါင်းစုံရဲ့ တန်းတူ အခွင့်အရေးကို အာမခံနိုင်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး ပေါ်ပေါက်လာရေးကို ရည်မှန်းပြီး၊ ကျနော်တို့ ဝါသနာ ပါတဲ့ နည်းလမ်းတွေနဲ့ သတင်း ဆက်သွယ်ရေး နည်းပညာ ဖွံ့ဖြိုး တိုးတက်ရေးနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးကို တစိုက်မတ်မတ် ဦးတည် လုပ်ဆောင်မယ်လို့ အခိုင်အမာ ဆုံးဖြတ်ထားတဲ့ လူငယ်တစု ဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ အနာဂတ် ဒီမိုကရက်တစ် မြန်မာ့ လူ့ဘောင်မှာ နည်းပညာ အဆင့်အတန်း ဖွံ့ဖြိုး တိုးတက်ရေးကို ရည်ရွယ်ပြီး၊ ပြည်တွင်း ပြည်ပမှာ ရှိတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ၊ ဒီမိုကရေစီနဲ့ တိုင်းရင်သား တော်လှန်ရေး အဖွဲ့အစည်းတွေ၊ လွတ်လပ်တဲ့ လူမှုဝန်ထမ်း အဖွဲ့အစည်းတွေ စတဲ့ လွတ်လပ်မှုနဲ့ ကွန်ပျုတာ နည်းပညာကို မြတ်နိုး ခုံမင်ကြတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့ အစည်းတွေကို ကျနော်တို့ သိမြင် နားလည်ခဲ့တဲ့ ကွန်ပျုတာ သတင်း ဆက်သွယ်ရေး နည်းပညာနဲ့ ပတ်သက်တဲ့ အသိအမြင် တွေကို မျှဝေ ပေးသွားဖို့ ရည်ရွယ်ပြီး ဖွဲ့စည်း ခဲ့ကြတာလည်း ဖြစ်ပါတယ်။... ဒါတင် မကသေးပါဘူး၊ ကျနော်တို့ အနေနဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင် စနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေစီ ထွန်းကားရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး အတွက် အထောက်အကူနဲ့ အားမာန် ဖြစ်စေမယ့် သတင်းတွေ၊ ဆောင်းပါးတွေ၊ ရသ စာစုတွေ၊ ဝတ်တုတိုတွေ၊ ကဗျာတွေ၊ မြန်မာ အီးဘွတ်တွေ (Burmese/ Myanmar eBooks) စတာတွကေိုလည်း အကျယ်ပြန့်ဆုံးနဲ့ အထိရောက်ဆုံး ဖြန့်ဝေသွားဖို့ ရည်ရွယ်ထားပါတယ်။
ကျနော်တို့ ရည်ရွယ်ချက်တွေကတော့၊
(၁) မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး မှာ ဆောင်ရွက်ကြ မယ့် မြန်မာနိုင်ငံသား လူငယ်တွေ အတွက် သတင်း ဆက်သွယ်ရေး နည်းပညာ (ICT) အရည်အသွေးနဲ့ ကျွမ်းကျင်မှုတွေ မြင့်မား လာစေဖို့။
(၂) ဒီမိုကရက်တစ် မြန်မာနိုင်ငံတော် တည်ဆောက်ချိန်မှာ အစိုးရတွေ၊ လွတ်လပ်တဲ့ လူမှု အဖွဲ့အစည်း တွေရဲ့ လုပ်ငန်းတွေကို လက်တွေ့နဲ့ ဆိုင်တဲ့ သတင်း ဆက်သွယ်ရေး နည်းပညာ (ICT) လုပ်ငန်းတွေနဲ့ ပံ့ပိုး ကူညီ မြှင့်တင် သွားနိုင်ဖို့။
(၃) သတင်း ဆက်သွယ်ရေး နည်းပညာ (ICT) နဲ့ ဆိုင်တဲ့ တဦးချင်း စွမ်းဆောင်ရည်၊ လုပ်ငန်းခွင်နဲ့ အစုအဖွဲ့ အလိုက် ကျွမ်းကျင်မှု စတာတွေကို လုပ်ဆောင်တဲ့ နည်းလမ်းတွေနဲ့ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံတွေ အကြား နည်းပညာ ကွာဟမှုကို လျော့ကျ သွားစေဖို့။
(၄) ပြည်တွင်း ပြည်ပမှာရှိတဲ့ မြန်မာနိုင်ငံသားတွေ အကြား သတင်း ဆက်သွယ်ရေး နည်းပညာ (ICT) တွေ ပြန့်ပွား လာဖို့။
ဒါတွေကို ကျနော်တို့ စွမ်းဆောင် နိုင်သလောက် မခြွင်းမချန် ကြိုးစား အားထုတ် သွားမှာ ဖြစ်ပါကြောင်း။
ကတိသစ္စာဖြင့်
မြန်မာ့ သတင်း ဆက်သွယ်ရေး နည်းပညာ အဖွဲ့ (မသနဖ)
(Burma Information Technology Team, BIT) |
| Language: | | English/Burmese |
| Source/publisher: | | Burma Information Technology Team, BIT |
| Format/size: | | html |
| Date of entry/update: | | 09 August 2012 |
|
Individual Documents
| Title: | | Myanmar Ebooks မြန်မာစာအုပ်များ |
| Date of publication: | | 2009 |
| Description/subject: | | Myanmar Ebooks (History, Biographies, Novels, Ideology, Encyclopedia, Articles, Poems, Memoirs, Records, Researches)မြန်မာစာအုပ်များ - သမိုင်း၊ အတ္ထုပ္ပတ္တိ၊ ၀တ္ထု၊ အတွေးအခေါ်၊ စွယ်စုံကျမ်း၊ ဆောင်းပါး၊ ကဗျာ၊ အမှတ်တရ၊ မှတ်တမ်း၊ သုတေသန) |
| Language: | | Burmese/ မြန်မာဘာသာ |
| Source/publisher: | | Myanmar Ebooks |
| Format/size: | | html |
| Date of entry/update: | | 22 July 2012 |
|
|